ကိုဗစ်-၁၉ရောဂါသည် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်ပြီး၊ သာမာန်အားဖြင့် အဖျားတက်ခြင်းနှင့် ချောင်းဆိုးခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အောက်ပါအချက်များကို သတိထားရမည်။
ရောဂါလက္ခဏာ မပြခင်ကတည်းက လူအများသို့ ပျံ့နှံ့နိုင်ခြေရှိသည်ဟု ပြောဆိုနေခြင်းများရှိပြီး၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေခြင်း(Social distancing)နှင့် အပြင်ထွက်ချိန်တွင် နှာခေါင်းစီးတပ်ခြင်း စသည့် ကူးစက်ရောဂါကို ကာကွယ်နိုင်မည့် သာမာန်လုပ်လေ့လုပ်ထရှိသည်များကို အစဉ်လုပ်ရန် အရေးကြီးပါသည်။
အထူးသဖြင့် အောက်ပါအချက်များကို သတိထားပါ။
အပြင်သို့ သိပ်မထွက်ပါနှင့်။
လက်ဆေးခြင်း
ချောင်းဆိုးသည့်အခါ၊ နှာချေသည့်အခါတွင် နှာခေါင်းစီး၊ တစ်ရှူး၊ လက်ကိုင်ပုဝါ၊ အင်္ကျီလက်မောင်းအတွင်းဖက် စသည်တို့ဖြင့် မဖြစ်မနေအုပ်ထားပါ။
လေဝင်လေထွက် ကောင်းအောင်လုပ်ခြင်း။
လေလုံသောနေရာကို ရှောင်ရှားပါ။
လူထူထပ်သောနေရာကို ရှောင်ရှားပါ။
တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် စကားပြောရမည့်နေရာကို ရှောင်ရှားပါ။
ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများကို ကာကွယ်ခြင်းအတွက် အခြေခံကျသည်မှာ (လက်ဆေးခြင်း) နှင့် (နှာခေါင်းစီးတပ်ခြင်းတို့အပြင် ချောင်းဆိုးသည့်အခါ၊ နှာချေသည့်အခါတွင် နှာခေါင်းစီး၊ တစ်ရှူး၊ လက်ကိုင်ပုဝါ၊ အင်္ကျီ လက်မောင်းအတွင်းဖက်စသည်တို့ဖြင့် မဖြစ်မနေအုပ်ထားခြင်း) စသည်တို့ ဖြစ်ပါသည်။
လူအစုအဝေးလိုက် ရောဂါကူးစက်ခံရခြင်း၏ တူညီသောအချက်မှာ၊ အထူးသဖြင့် (လေဝင်လေထွက် မကောင်း ခြင်း)၊ (လူအများက တိုးကြိတ်ကာ နေရသောနေရာ)၊ (လူအများနှင့် ထိတွေ့နိုင်ခြေများသောနေရာ) [3Cs]တို့ပင် ဖြစ်ပါသည်။ လေဝင်လေထွက် မကောင်း သည့်အပြင်၊ လူအများနှင့်ထိတွေ့နိုင်ခြေများသောနေရာကို ရှောင်ရှားပါ။ ထိတွေ့မှု အနည်းဆုံး (သုည) ဖြစ်အောင် ကြိုးစားကြပါစို့။
COCOA ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသစ်ရှိသူနှင့် ထိတွေ့မှု ရှိ၊ မရှိကို စစ်ပေးနိုင်သည့် အက်ပလီကေးရှင်း ဖြစ်ပါသည်။ ဤအက်ပလီကေးရှင်းသည် အသုံးပြုသူ၏ သဘောတူညီမှုကို ရယူကာ၊ စမတ်ဖုန်း၏ အနီးကပ်၍ ဆက်သွယ်နိုင်သည့်စွမ်းရည်(ဘလူးတုသ်)[Bluetooth] ကို အသုံးချပြီး၊ အသုံးချသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိခိုက်မှုမရှိစေဘဲ၊ မိမိက ကိုဗစ်-၁၉ ရောဂါရှိနေသူနဲ့ ထိတွေ့နိုင်ခဲ့ခြေ ရှိ၊ မရှိဆိုသည့် အကြောင်းကြားခြင်းကို လက်ခံရရှိနိုင်ပါသည်။
အသုံးပြုသူသည် ကိုဗစ်-၁၉ ရောဂါရှိသူနှင့် ထိတွေ့ခဲ့ခြင်းကို သိရှိနိုင်သဖြင့်၊ ရောဂါစစ်ဆေးခံခြင်း စသည့် ကျန်းမာရေးဌာန၏ အကူအညီ၊ အထောက်အပံ့ကို စောလျင်စွာ ရရှိနိုင်မည်။
အသုံးပြုသူများလာပါက ရောဂါကူးစက်ပျံ့နှံ့ခြင်းကို တားဆီးနိုင်ပါလိမ့်မည်။ App Store သို့မဟုတ် Google Playတွင် [ထိတွေ့မှု ရှိ၊ မရှိကို စစ်ပေးနိုင်သည့် အက်ပလီကေးရှင်း] 「接触確認アプリ」( Contact confirmation application )ဟု ရှာကာ ထည့်သွင်းပါ (Install) လုပ်ပါ။
အဖျားရှိပါက၊ နေမကောင်းဖြစ်နေပါက၊ ကျောင်း၊ အလုပ်တို့ကို မသွားရုံတင်မက၊ အပြင်သို့ သိပ်မထွက်ပါနှင့်။ နေ့စဉ် ကိုယ်ပူချိန်တိုင်းပြီး မှတ်သားထားပါ။
မေးမြန်းစုံစမ်းခြင်း၏ ရည်ရွယ်ချက်၊ နေရာဒေသ၊ လက်ခံဖြေကြားပေးမည့် ဘာသာစကားကိုလိုက်၍ တိုင်ပင်ဆွေးနွေးပါ။
ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်နေသော နိုင်ငံခြားသား= ဂျပန်နိုင်ငံ အစိုးရ ခရီးသွားလုပ်ငန်းဌာန(JNTO) ၏ [Japan Visitor Hotline] (နိုင်ငံခြားဘာသာဖြင့် ဖြေဆိုပေးသောဌာန) [Call center]
050‐3816‐2787
(ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား)
နောက်ဆုံးပေါ် သတင်းအချက်အလက်များကို အောက်ပါဝက်ဘ်ဆိုက်တွင်လည်း ကြည့်နိုင်ပါသည်။ ([လွယ်ကူသောဂျပန်စာ]၊ အင်္ဂလိပ်စာ၊ ပြည်ကြီးတရုတ်စာ)
ချက်ခြင်း ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ခြင်းမပြုဘဲ၊ ဦးစွာ (ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန) ( ဒေသနှင့်လိုက်၍ အခေါ်အဝေါ်ကွဲပြားနိုင်သည်) နှင့် ဆွေးနွေးတိုင်ပင်ပါ။
* တစ်ဦးခြင်းစီ စစ်ဆေးရန် လိုအပ်မှု ရှိ၊ မရှိကို ဆရာဝန်မှ ဆုံးဖြတ်ပါမည်။
အောက်ပါအချက်များအနက် အနည်းဆုံးတစ်ချက်ချက်နှင့်ကိုက်ညီနေပါက ဆွေးနွေးတိုင်ပင်ပါ။
အသက်ရှုကျပ်ခြင်း၊ အလွန်တရာ ကိုယ်လက်မအီမသာဖြစ်ခြင်း(သရိုးသရီဖြစ်ခြင်း)၊အဖျားကြီးခြင်း စသည့်ရောဂါလက္ခဏာများထဲမှ တစ်ခုခုက ပြင်းထန်ပါက။ ရောဂါလက္ခဏာသည် လူတစ်ဦး နှင့်တစ်ဦး ကွဲပြားမှုရှိပါသဖြင့်၊ အလွန် ဆိုးရွားနေသည်ဟုထင်ပါက ချက်ခြင်း ဆွေးနွေးတိုင်ပင်ပါ။
ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ခြေရှိသူ*ဖြစ်ပြီး၊ အဖျားရှိခြင်းနှင့် ချောင်းဆိုးခြင်းအစရှိသည့် အအေးမိရောဂါလက္ခဏာသာ ရှိသောသူ။
အသက်ကြီးသူများ
ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (COPD)စသည့် အခြေခံရောဂါရှိနေသူများ။
ကျောက်ကပ်ဆေးကြောနေသူများ
ခုခံအားကျဆင်းဆေး၊ ကင်ဆာဆေး စသည်တို့ကိုသုံးစွဲနေသူများ။
အထက်ဖော်ပြပါ အချက်များနှင့်မကိုက်ညီဘဲ အဖျားရှိခြင်းနှင့် ချောင်းဆိုးခြင်း အစရှိသည့် အအေးမိရောဂါလက္ခဏာများတောက်လျောက် ဖြစ်နေပါက။ ရောဂါလက္ခဏာသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိပါသဖြင့်၊ အလွန်ဆိုးရွားနေသည်ဟု ထင်ပါက ချက်ခြင်း ဆွေးနွေးတိုင်ပင်ပါ။ ၄ ရက်အထက် ကြာနေပြီဆိုလျှင် မဖြစ်မနေ ဆွေးနွေးတိုင်ပင်ပါ။ အဖျားကျဆေးစသည်တို့ကို တောက်လျောက် သောက်နေရသည့်သူများလည်း အတူတူပင်ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ရောဂါအခြေအနေ ဆိုးရွားသွားနိုင်သည့်သူများကဲ့သို့ ကြိုတင်၍ [ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန] နှင့်တိုင်ပင်ပါ။ ကလေးနှင့်ပတ်သက်၍ ကလေးအထူးကုဆရာဝန်နှင့် ပြသခြင်းက ပို၍သင့်တော်သဖြင့် [ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန] နှင့် ကလေးအထူးကုဆရာဝန်ထံသို့ ဖုန်းဆက်၍ တိုင်ပင်ပါ။
ဆွေးနွေးတိုင်ပင်ရန်အတွက် [ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန]တို့အပြင်၊ အရပ်ဒေသလိုက်၍
ဆရာဝန်များအသင်းနှင့် ဆေးပေးခန်းတို့တွင်လည်း ဆွေးနွေးတိုင်ပင်၍ ရပါသည်။
ဒေသန္တရအစိုးရ၊ မိမိနှင့်အနီးဆုံးနေရာရှိ ကျန်းမာရေးဌါန၊ ကူးစက်ရောဂါ တားဆီးရေးဌါနစသည်တို့မှ ညွှန်ကြားချက်ကို ရထားပါက၊ ထိုညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
အကြမ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။ ဤလုပ်ဆောင်ရမည့် အချက်များမှာ အရပ်ဒေသနှင့်လိုက်၍ ကွဲပြားနိုင်ပါသည်။
[ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန]တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူများအတွက် ဆွေးနွေးတိုင်ပင်မှုများကို လက်ခံလျက်ရှိပါသည်။
ထိုဌါနတွင် ဆွေးနွေးတိုင်ပင်ရာမှတဆင့် အဆိုပါကူးစက်ရောဂါက ကူးစက်ခံရနိုင်ခြေရှိသည်ဟု သတ်မှတ်ခံရပါက၊ ထိုပုဂ္ဂိုလ်ကို သင့်လျော်သည့် ဆေးကုသမှုပေးနိုင်ရန်အတွက် [ဆရာဝန်နှင့်ပြသခြင်း၊ အတိုင်ပင်ခံဌါန] က စီမံပေးလျက်ရှိပါသည်။ ဒေသအသီးသီးက ထုတ်ပြန်ထားသော [ဆရာဝန်နှင့်ပြသခြင်း၊အတိုင်ပင်ခံဌါန] များ၏ စာရင်းကို စုစည်းထားပြီးဖြစ်သဖြင့်၊
ကုသမှုကို ခံယူရမည်ဆိုပါက အောက်ပါအချက်များကို သတိထားပါ။
ဆေးရုံ၊ဆေးခန်း အမျိုးမျိုးသို့ သွားရောက်၍ပြသခြင်းကြောင့် ရောဂါကိုပိုမိုပျံ့နှံ့စေခဲ့သည့် အဖြစ်အပျက် များရှိခဲ့ဘူးပါသဖြင့်၊ ဆရာဝန်၏ ညွှန်ကြားချက်မရရှိဘဲနှင့် ဆေးရုံ၊ဆေးခန်းများစွာသို့ သွားရောက်ပြသ ခြင်းကို ရှောင်ကြဉ်ပါ။
ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသချိန်တွင် နှာခေါင်းစီးတပ်ခြင်းတပ်ရုံတင်မကဘဲ၊ လက်ကိုသေချာဆေးရန်နှင့် နှာချေသည့်အခါတွင် မာတ်စ်၊ တစ်ရှူး၊ လက်ကိုင်ပုဝါ၊ အင်္ကျီလက်မောင်း အတွင်းဖက် စသည်တို့ဖြင့် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားခြင်း* စသည်တို့ကို သေသေချာချာလုပ်ရန် လိုအပ်ပါသည်။
*ချောင်းဆိုးသည့်အခါ၊ နှာချေသည့်အခါတွင် နှာခေါင်းစီးတပ်ခြင်း၊ တစ်ရှူး၊ လက်ကိုင်ပုဝါ၊ အင်္ကျီလက်မောင်း အတွင်းဖက် စသည်တို့ဖြင့် မဖြစ်မနေအုပ်ထားပါ။